Lotayamm

မာတိကာ

ထိပ်ဆုံးစာမျက်နှာ > မေးကြမယ် ဖြေကြမယ်

ဒီserviceကိုSIM Slot1မှာထည့်ထားသောMPT 3G/4Gလိုင်းကိုသုံး၍ user loginဝင်ပြီးအသုံးပြုပေးပါရန်။ အသုံးပြုပုံ
+1 မဲ
ခရမ်းချဉ်သီးကအသားအရည်အတွက်ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲပြောပြပေးပါ။

အဖြေ 2

0 မဲ
ဖြေကြားခဲ့သည် Chit Ko (2) မှ
27.02.2017 10:02:38
ခရမ်းချဉ်းသီးကအသားရည်ကိုအလွန်ကောင်းမွန်စေသောအသီးအနှံတစ်မျိုးဖြစ်ပါတယ်။
နေလောင်သောအသားရည်ကိုပြန်လည်ကောင်းမွန်စေပါတယ်။ ခရမ်းချဉ်းသီးကိုနံနက်စာမစားသေးဘဲခရမ်းချဉ်းသီးဖျော်ရည်ကိုသောက်သုံးပေးပါကပိုပြီးထိရောင်စေပါတယ်။
0 မဲ
ဖြေကြားခဲ့သည် baby doll မှ
27.02.2017 10:02:45
ခရမ်းချဉ်သီးကအသားအရည်အတွက်အလွန်ကောင်းပါတယ်။
၁။ သင်စားတဲ့ အစားအစာထဲမှာ ခရမ်းချဉ်သီးလည်း ပါပါစေ။ ခရမ်းချဉ်သီးက အသားအရေ အရောင်အတွက် များစွာ အထောက်အကူပေးပြီး အရေပြားကို တင်းရင်း လှပစေပါတယ်။
၂။ ခရမ်းချဉ်သီးကို စားသုံးခြင်းဖြင့် ခရမ်းချဉ်သီးမှာ ပါဝင်တဲူ့ပခသစနညန ဓာတ်က အရေပြားကို ခရမ်းလွန် ရောင်ခြည်မှ ကာကွယ်ပေးပါတယ်။
၃။ ခရမ်းချဉ်သီးက အရွယ်ကျခြင်းနဲ့ အရေးအကြောင်း ဖြစ်ခြင်း တို့ကိုလည်း လျော့ပါးစေပါတယ်။ ခရမ်းချဉ်သီးနဲ့ ပေါင်းတင် နည်းတွေက တော့ -
(၁) ခရမ်းချဉ်သီး တစ်လုံးနဲ့ ရှောက်သီး တစ်လုံးကို ယူပါ။ အရည်ညှစ်ပြီး ပန်းကန်လုံးထဲတွင် ရောမွှေပါ။ မျက်လုံး နေရာတွေကို ချန်လှပ်ပြီး မျက်နှာ အနှံ့လိမ်းပါ။ မိနစ် (၃၀) ခန့် ထားပြီးသည့်နောက် မျက်နှာသစ် လိုက်ပါ။ ထိုနည်းက မျက်နှာတင်းရင်းစေပြီး အရွယ်ကျခြင်းကို ထိန်းချုပ် ပေးပါတယ်။ အသားအရေ ခြောက်သွေ့တဲ့ သူတွေကတော့ ပျားရည် အနည်းငယ် (သို့) သံလွင်ဆီ အနည်းငယ် ထည့်ရပါမယ်။
(၂) နောက်တစ်နည်း ကတော့ ခရမ်းချဉ်သီး၊ လိမ္မော်သီးနဲ့ သခွားသီးတို့ကို ကြိတ်ချေ အရည်ညှစ်ပြီး ညဘက် မအိပ်ခင်လိမ်းပါ။ မိနစ် (၃၀) ခန့်ထားပြီးနောက် မျက်နှာသစ်ပါ။ ဒီနည်းက မျက်နှာပေါ်မှာရှိတဲ့ အမည်းစက်တွေကို ပျောက်စေပြီး အသားအရေ ဖြူဝင်းစေပါတယ်။
ခရမ်းချဉ်သီးတွေက အရေပြားအတွက် သာမက ဆံသားအတွက်လည်း ကောင်းမွန်ပါတယ်။ ခရမ်းချဉ်သီးမှာ ဦးရေပြား ယားယံခြင်း ဗောက်ထခြင်း တို့ကို သက်သာစေတဲ့ ဗီတာမင်စီဓာတ် ရှိပါတယ်။
- ခရမ်းချဉ်သီးမှည့် သုံးလုံးကို ကြိတ်ချေပါ။
- ရှောက်ရည် နှစ်ဇွန်းနှင့် ရောပါ။ ထို့နောက် ဦးရေပြားကို လိမ်းပါ၊ ဦးရေပြားကို လက်သည်းဖြင့် မကုတ်ပါနှင့်။
- မိနစ်(၃၀) ခန့်ထားပြီးနောက် ရေဆေးချပါ။
27/Feb/2017
Thuzar Thuzar Swe မှ ဖေဖော်ဝါရီ 27 မှတ်ချက်ပေးခဲ့သည်
ခရမ်းချဉ်သီးကအသားအရည်အတွက်အလွန်အသုံးဝင်ကြောင်းနဲ့ အသုံးပြုနည်းလေးတွေပါသိရပါတယ်။
28/Feb/2017
Orchid Lay မှ ဖေဖော်ဝါရီ 28 မှတ်ချက်ပေးခဲ့သည်
ခရမ်းချဉ်းသီးကစားသုံးရုံတင်မကဘဲအရည်ပြားကိုလိမ်းပေးရုံဖြစ်လည်းအကျိုးသက်ရောက်မှုရှိကြောင်းသိရှိရပါတယ်။
28/Feb/2017
Santa Claus မှ ဖေဖော်ဝါရီ 28 မှတ်ချက်ပေးခဲ့သည်
မျက်နှာပေါ်မှာရှိတဲ့ အမည်းစက်တွေကို ပျောက်စေပြီး အသားအရေ ဖြူဝင်းစေပါတယ်ဆိုတာကိုလည်းဒီ post ကိုဖတ်ခြင်းအားဖြင့်သိရှိရပါတယ်။
...