Lotayamm

မာတိကာ

ထိပ်ဆုံးစာမျက်နှာ > မေးကြမယ် ဖြေကြမယ်

ဒီserviceကိုSIM Slot1မှာထည့်ထားသောMPT 3G/4Gလိုင်းကိုသုံး၍ user loginဝင်ပြီးအသုံးပြုပေးပါရန်။ အသုံးပြုပုံ

Q “ မေးကြမယ် ဖြေကြမယ် ” ဆိုတာဘာလဲ ?

A “ မေးကြမယ် ဖြေကြမယ် " အကူအညီဖြင့် သင့်အွန်လိုင်းက သူငယ်ချင်းများနဲ့ ဗဟုသုတတွေ ကို ဖလှယ်နိုင်ပါသည်။ သင်သိချင်တဲ့ အကြောင်းအရာ တစ်ခုခုကိုပဲဖြစ်ဖြစ် တခြားဆွေးနွေးချင်တဲ့ အကြောင်းအရာများကိုပါ သင့်ရဲ့ အွန်လိုင်းပေါ်က သူငယ်ချင်းများနဲ့ မေးမြန်းခြင်း ဆွေးနွေးခြင်းများကို ပြုလုပ်နိုင်ပါသည်။ “ မေးကြမယ် ဖြေကြမယ်” ဆိုတာ အရမ်းကို အသုံးဝင်တဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီကဏ္ဍကို အသုံးပြုခြင်းဖြင့် ဗဟုသုတတွေ အများကြီးရှိနိုင်ပါသည်။

Q “ မေးကြမယ် ဖြေကြမယ် ” ကိုဘယ်လိုအသုံးပြုနိုင်မလဲ ?

A “ မေးကြမယ် ဖြေကြမယ်” ကို အသုံးပြုရန် သင့်ရဲ့ ဆင်းကဒ်ကို Slot 1 မှာ ထည့်သွင်း၍ MPT 3G ကွန်ယက်ကို အသုံးပြုပြီး အကောင့်ဖြင့် ၀င်ရောက်ရန်လိုအပ်ပါသည်။ အကောင့်မရှိပါက “ မေးကြမယ် ဖြေကြမယ် ” တွင် အကောင့်အသစ် ဖွင့်ရန်လိုအပ်ပါသည်။

Q “ မေးကြမယ် ဖြေကြမယ် ” ကို အသုံးပြုရန် ဘယ်လို ၀င်ရောက်နိုင်မလဲ ? (သို့မဟုတ်) အကောင့်သစ် ဘယ်လိုဖွင့်နိုင်မလဲ ?

A “ မေးကြမယ် ဖြေကြမယ်” ကို အသုံးပြုရန် သင့်ရဲ့ Google အီးမေးလ် အကောင့် (သို့မဟုတ်) ဖေ့စ်ဘွတ် အကောင့်ကို အသုံးပြု၍ ၀င်ရောက်ခြင်း (သို့မဟုတ်) အကောင့်သစ်ဖွင့်ခြင်းများ ပြုလုပ်နိုင်ပါသည်။

Q “ မေးကြမယ် ဖြေကြမယ် ” ကို ဘယ်လိုဝင်ရောက်ကြည့်ရှုနိုင်မလဲ ?

A လိုတရ ရဲ့ ပင်မစာမျက်နှာမှ “ မေးကြမယ် ဖြေကြမယ် ” ကို နှိပ်၍ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ “ မေးကြမယ် ဖြေကြမယ် ” မှ မေးခွန်းများကို နောက်ဆုံးတင်ထားသောနေ့မှ စ၍ စီစဉ်ပြီးပြထားပါသည်။

မေးခွန်းများကို “ မကြာသေးခင်က ၊ နာမည်ကြီး ၊ မဲအများဆုံး ၊ အဖြေအများဆုံး ၊ အကြည့်အများဆုံး ” စသည့် အဖွဲ့များဖြင့်လည်း ရွေးချယ်၍လည်း ကြည့်ရှုနိုင်ပါသည်။ ထို့ပြင် “ ဖြေကြားထားသူမရှိပါ ၊ တွဲထားသောအရာများ” စသည့် အဖွဲ့များဖြင့်လည်း ကြည့်ရှုနိုင်ပါသည်။ “ တွဲထားသောအရာများ” ကို ရွေးချယ် ကြည့်ရှုပါက တွဲထားသောစကားလုံးလေးများကို တွေ့မြင်ရမှာပြီး သင်နှစ်သက် စိတ်ဝင်စားသော စကားလုံးအားရွေးချယ်၍ သက်ဆိုင်ရာမေးခွန်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

Q “ မေးကြမယ် ဖြေကြမယ် ” မှ မေးခွန်းများကို နှစ်သက်ရာ စကားလုံးများဖြင့် ဘယ်လိုရှာကြမလဲ ?

A “ ရှာဖွေမည့် စကားလုံးရိုက်ထည့်ပါ ” နေရာတွင် သင်နှစ်သက်ရာ စကားလုံးကို ရိုက်ထည့်ခြင်းဖြင့် သက်ဆိုင်ရာ မေးခွန်းကို ရှာနိုင်ပါသည်။ စကားများရှာဖွေရာတွင် ဇော်ဂျီဖောင့် နှင့် အင်္ဂလိပ်စာ တို့ကိုသာ အသုံးပြု၍ ရှာဖွေနိုင်ပါသည်။

Q “ မေးကြမယ် ဖြေကြမယ် ” မှာ မေးခွန်းများ (သို့မဟုတ်) ဆွေးနွေးမှုများ ကို အွန်လိုင်းမှ သူငယ်ချင်းများနှင့် ဘယ်လိုဖလှယ်ရမလဲ ?

A “ မေးကြမယ် ဖြေကြမယ်” မှာ မေးခွန်းများ (သို့မဟုတ်) ဆွေးနွေးမှုများ ကို အွန်လိုင်းမှ သူငယ်ချင်းများနှင့် ဖလှယ်ရန် ပထမဦးစွာ အကောင့်ဖြင့်ဝင်ရောက်ရန် လိုအပ်ပါသည်။ အကောင့်ဖြင့်ဝင်ရောက်ပြီးပါက “တစ်ခုခုမေးလိုပါသလား ” ခလုတ်ကိုနှိပ်၍ မေးခွန်းများကို တင်နိုင်ပါသည်။ ခလုတ်နှိပ်ပြီးပါက သင့်ရဲ့ မေးခွန်းများ ဖြည့်စွက်နိုင်သော ဖောင်ဖော်ပြလာမည်ဖြစ်ပြီး ထိုဖောင်တွင့် သင့်ရဲ့ မေးခွန်းများ (သို့မဟုတ်) ဆွေးနွေးမှုများကို ထည့်သွင်းပါ။ ထို့နောက် “ မေးခွန်းမေးပါ” ခလုတ်အားနှိပ်၍ သင့်ရဲ့ မေးခွန်းများ (သို့မဟုတ်) ဆွေးနွေးမှုများကို သင့်ရဲ့ အွန်လိုင်းမှ သူငယ်ချင်းများနှင့် စတင်ဖလှယ်နိုင်ပါသည်။

Q သင့်ရဲ့ မေးခွန်း (သို့မဟုတ်) ဆွေးနွေးမှု တွင် တွဲထားသောအရာများ ဆိုတာ ဘာလဲ?

A တွဲထားသောအရာများ ဆိုသည်မှာ သင့်ရဲ့ မေးခွန်း (သို့မဟုတ်) ဆွေးနွေးမှုအား အဓိက စကားလုံးလေးများဖြင့် စိတ်ဝင်စားဖွယ် အကောင်းဆုံးဖြစ်အောင် ဖော်ပြချင်သော အခါတွင် အသုံးပြုနိုင်ပါသည်။ သင့်ရဲ့ မေးခွန်း (သို့မဟုတ်) ဆွေးနွေးမှုတွင် စကားလုံး တစ်လုံးမက ထည့်သွင်း၍ တွဲထားနိုင်ပါသည်။ ဥပမာအားဖြင့် သင့်ရဲ့မေးခွန်းသည် “ အောင်မြင်သောဘ၀ ဆိုတာ ဘယ်လိုမျိုးလဲ ” ဆိုပါစို့။ သင့်ရဲ့ မေးခွန်း (သို့မဟုတ်) ဆွေးနွေးမှု ကို “ အောင်မြင်မှု ၊ ဘ၀ ” ဆိုသော စကားလုံးလေးများကို တွဲပြီး စိတ်ဝင်စားဖွယ်ဖော်ပြနိုင်ပါသည်။

Q “ မေးကြမယ် ဖြေကြမယ် ” တွင် တင်ထားသော မေးခွန်းများ (သို့မဟုတ်) ဆွေးနွေးမှုများ တွင် ဘယ်လို ၀င်ရောက်ဖြေဆိုနိုင်မလဲ (သို့မဟုတ်) ၀င်ရောက်ဆွေးနွေးနိုင်မလဲ ?

A “ မေးကြမယ် ဖြေကြမယ်” တွင် တင်ထားသော မေးခွန်း (သို့မဟုတ်) ဆွေးနွေးမှု တစ်ခုမှ အဖြေကို မှတ်ချက်ပေးရန် အဖြေ တစ်ခုခြင်းစီအောက်တွင် ရှိသော မှတ်ချက် ခလုတ်ကိုနှိပ်ပါ။ ထို့နောက် သင့် မှတ်ချက်ကို ရိုက်ထည့်ပြီး “မှတ်ချက်ရေးပါ ” ခလုတ်ကို နှိပ်ပြီး တင်နိုင်ပါသည်။ သင့် မှတ်ချက် ကိုလည်း “ပယ်ဖျက်ရန်” ခလုတ်ကို နှိပ်ပြီး ဖျက်နိုင်ပါသည်။

Q “ မေးကြမယ် ဖြေကြမယ် ” တွင် တင်ထားသော မေးခွန်း (သို့မဟုတ်) ဆွေးနွေးမှု တစ်ခုမှ အဖြေကို မှတ်ချက် ဘယ်လိုရေးမလဲ?နွေးနိုင်မလဲ ?

A “ မေးကြမယ် ဖြေကြမယ်” တွင် တင်ထားသော မေးခွန်း (သို့မဟုတ်) ဆွေးနွေးမှု တစ်ခုမှ အဖြေကို မှတ်ချက်ပေးရန် အဖြေ တစ်ခုခြင်းစီအောက်တွင် ရှိသော မှတ်ချက် ခလုတ်ကိုနှိပ်ပါ။ ထို့နောက် သင့် မှတ်ချက်ကို ရိုက်ထည့်ပြီး “မှတ်ချက်ရေးပါ” ခလုတ်ကို နှိပ်ပြီး တင်နိုင်ပါသည်။ သင့် မှတ်ချက် ကိုလည်း “ပယ်ဖျက်ရန်” ခလုတ်ကို နှိပ်ပြီး ဖျက်နိုင်ပါသည်။

Q “ မေးကြမယ် ဖြေကြမယ် ” တွင် လူမှု့ပတ်ဝန်းကျင်နှင့် မသင့်တော်သော မဖော်ပြသင့်သော မေးခွန်းများကို တွေ့ရှိပါက ဘယ်လို အကြောင်းကြားနိုင်မလဲ ?

A “ မေးကြမယ် ဖြေကြမယ် ”တွင် လူမှု့ပတ်ဝန်းကျင်နှင့် မသင့်တော်သော မဖော်ပြသင့်သော မေးခွန်းများကို တွေ့ရှိပါက မေးခွန်းအောက်တွင်ရှိသော တိုင်ကြားရန် ခလုတ်ကို နှိပ်၍တိုင်ကြားနိုင်ပါသည်။

Q သက်ဆိုင်ရာမေးခွန်း ဆိုတာ ဘာလဲ ?

A သက်ဆိုင်ရာမေးခွန်း ဆိုတာ ခုလက်ရှိသင်ကြည့်နေသော မေးခွန်းနှင့် ဆင်တူ (သို့မဟုတ်) ဆက်စပ်မှု ရှိသော မေးခွန်းမျိုးကို ဆိုလိုခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် မေးကြမယ် ဖြေကြမယ်တွင် “ အောင်မြင်သောဘ၀ဆိုတာဘာလဲ ” ဆိုသောမေးခွန်းမျိုးရှိတယ် ဆိုပါစို့။ သင်လည်း “ အောင်မြင်သော ဘ၀မျိုး ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ” ဆိုသော မေးခွန်းမျိုး မေးချင်တယ် ဆိုပါစို့။ သင့်မေးခွန်းကို “ အောင်မြင်သောဘ၀ဆိုတာဘာလဲ ” ဆိုသော ပင်မမေးခွန်းတွင် သက်ဆိုင်ရာမေးခွန်း အဖြစ်ထည့်သွင်းနိုင်ပါသည်။

Q သက်ဆိုင်ရာမေးခွန်းကို ဘယ်လိုမေးနိုင်မလဲ ?

A သက်ဆိုင်ရာမေးခွန်းကို သက်ဆိုင်ရာ မေးခွန်းမေးပါ ခလုတ်ကို နှိပ်၍ မေးမြန်းနိုင်ပါသည်။ မေးခွန်း ထည့်သွင်းပုံ အဆင့်ဆင့်မှာတော့ ပုံမှန်မေးခွန်း ထည့်သွင်းပုံ အဆင့်ဆင့် နှင့် အတူတူပဲဖြစ်ပါသည်။

Q မေးကြမယ် ဖြေကြမယ် တွင် တင်ထားသော မေးခွန်းများ (သို့မဟုတ်) အဖြေများ ကို ဘယ်လို မဲပေးနိုင်မလဲ ?

A မေးကြမယ် ဖြေကြမယ် တွင် တင်ထားသော မေးခွန်းများ (သို့မဟုတ်) အဖြေများ ကို မဲ ခလုတ်နှိပ်၍ မဲပေးနိုင်ပါသည်။ အပေါ်သို့ပြထားသော မျှားခလုတ်ကို နှိပ်၍ ကြိုက်နှစ်သက်ကြောင်း (သို့မဟုတ်) လက်ခံကြောင်း မဲပေးနိုင်ပါသည်။ ဆန့်ကျင်ဘက်ဖြစ်ပါက အောက်သို့ပြထားသော မျှားခလုတ်ကို နှိပ်၍ လည်း မဲပေးနိုင်ပါသည်။

Q မေးကြမယ် ဖြေကြမယ် တွင် “My Page” ကိုဘယ်လိုအသုံးပြုနိုင်မလဲ ?

A မေးကြမယ် ဖြေကြမယ်တွင် “My Page” ကို အသုံးပြုရန် သင့်အကောင့်နာမည်တွင် နှိပ်ပါ။ “My Page” တွင် သင့်ရဲ့လှုပ်ရှားမှုများနှင့် ပက်သက်သော အသေးစိတ်အချက်အလက်များ၊ အရေအတွက်များ ကို ပြထားပါသည်။

Q မေးထားသော မေးခွန်းများကို ဘယ်လိုပြန်ကြည့်ရှုနိုင်မလဲ ?

A မေးထားသော မေးခွန်းများကို “My Page” စာမျက်နှာတွင်ရှိသော ရွေးချယ်စရာနေရာတွင် “ မေးခွန်းအားလုံး ” ကိုရွေးချယ်ပြီး ကြည့်ရှုနိုင်ပါသည်။

တခြားသော လှုပ်ရှားများဖြစ်သည့် ၁) အဖြေအားလုံး ၂) မဲပေးထားသော ၃) မကြာမီက စသည့်တို့ကို အလားတူ လုပ်ဆောင်ချက်မျိုး လုပ်ဆောင်ပြီး ကြည့်ရှုနိုင်ပါသည်။

Q ကျွနုပ်အကောင့်အား မည်သို့ပြင်ဆင်နိုင်မည်နည်း ?

A သင့်အကောင့်အား “ အကောင့်အားပြင်ရန် ” ခလုပ်ကိုနှိပ်ပြီး ပြင်ဆင်နိုင်ပါသည်။

Q ကျွန်ုပ် နှစ်သက်သော (သို့မဟုတ်) မနှစ်သက်သော မေးခွန်းများ (သို့မဟုတ်) အဖြေများကို မည်သို့ မှတ်ထားပြီး ပြန်လည် ကြည့်ရှုနိုင်မည်နည်း ?

A သင် နှစ်သက်သော (သို့မဟုတ်) မနှစ်သက်သော မေးခွန်းများ (သို့မဟုတ်) အဖြေများကို မဲပေး၍ မှတ်ထားပြီး “My Page” စာမျက်နှာတွင်ရှိသော ရွေးချယ်စရာနေရာတွင် “မဲအားလုံး” ကိုရွေးချယ်ပြီး ပြန်လည် ကြည့်ရှုနိုင်ပါသည်။

...